Sunday, March 30, 2008

ကြိုက်မိတဲ့ပာာသတစ်ခု

'ဘာပြောတယ် လော်ရာ´

`စိတ်မ၀င်စားဘူးလို့ ပြောတာပါ ဒယ်ဒီ ´

`မရဘူးသမီး ။ ဒီခေတ် ဒီအချိန်ခါကြီးထဲမှာ သမီး ဗမာစကားမတတ်လို့မရဘူး´

`ဒါဆိုလဲ နောက်မှတက်မယ်ဒယ်ဒီ။ အခု သမီးမှာ အင်္ဂလိပ်စာသင်တန်းနဲ့ ဂျပန်ယဉ်ကျေးမှုသင်တန်းတွေတက်ရဦးမယ်´

`အဲဒါ ခက်တာပဲ .. မင်းတို့ကလေးတွေ ဘာကအရေးကြီးလဲဆိုတာ မခွဲခြားနိုင်သေးဘူး။ ဗမာစကားတတ်ရင် ကမ္ဘာမှာမင်းသွားချင်တဲ့နိုင်ငံဆီသွားပြီး အလုပ်လုပ်လို့ရပြီ။´

`အင်္ဂလိပ်စာထက်ပဲ အသုံးဝင်ရဦးမလား ဒယ်ဒီရာ´

`၀င်ပြီလား သမီး .. ကဲ မင်းဗမာစာ ၊ ဗမာစကားတတ်ပြီဆိုပါတော့ .. ။ မင်း ရန်ကုန်က မာစတာသင်တန်းတွေ တက်ခွင့်ရမယ်။ မင်းဘူးဦးသြဘာသရဲ့ စာကောင်း စာခန့်တွေဖတ်လို့ရမယ်။ ပြီးတော့...´

`ရှိတ်စပီးယားပဲ ကောင်းရဦးမလား ဒယ်ဒီရာ။ ဂျာမန်လူမျိုးအဖေက ဒီလိုပြောတာကို အံ့သြမိပါရဲ့´

`ဘာကွ .. အေး ၂၀၀၀ ပြည့်နှစ်လောက်ကဆို ငါပြောတာမှားချင်မှားမယ်။ အခုလို အချိန်မှာတော့ မင်းဗမာစာမတတ်ရင် ဘာဖြစ်သွားမှာလဲသိလား´

`သိပ်တော့မထူးပါဘူး´

`ဟာ .. သိပ်ထူးတာပေါ့ သမီးရယ်။ ဒယ်ဒီပြောပြမယ် နားထောင်။ ဗမာစာမတတ်ရင် နောက်နှစ်ဆန်းမှာထွက်လာမယ့် Window Popa (၀င်းဒိုးပုပ္ပါး)ကို မင်းဘယ်လိုသုံးမလဲ။ ထားပါတော့ .. မင်းက open source တို့ Linux တို့ရဲ့ ဟင်္သာရောင်အပိုင်း(၆) .. ( Hintha Shine Core 6 ) ကိုရော ဘယ်လိုကိုင်တွယ်မလဲ .. ။ အလုပ်လုပ်လို့ မကောင်းတော့တဲ့ Window Vista နဲ့ နေခဲ့ချင်ရင်တော့ မင်းအမေရိကကိုသွားတော့။ ခေတ်ရှေ့ပြေးနေတဲ့ အရှေ့တောင်အာရှကို မလာနဲ့တော့။ နောက်ပြီး Cell Phone နဲ့ မြေပုံစနစ်တွေမှာဆိုရင် ဗမာစာမတတ်ရင် မင်းသုံးရခက်ပြီ´

`ဘာဆိုင်လဲဒယ်ဒီရာ´

`ဆိုင်တာပေါ့ .. On Touch Screen နဲ့ Voice Command တွေသုံးထားတဲ့ (ဆ.သ.ရ) အမျိုးအစားဖုန်းတွေကို မင်းဘယ်လိုအသုံးချမလဲ။ မြေပုံစာတန်းတွေကလည်း ဗမာလိုတွေလေ´

`Sony နဲ့ Nokia ကတော့ အင်္ဂလိပ်လိုသုံးပါသေးတယ်ဒယ်ဒီရာ´

`ဒယ်ဒီသိပြီ .. ငါ့သမီးက ၀ိဇ္ဖာတန်းတက်ပြီး ခေတ်နဲ့မျက်ခြေပြတ်နေတာကိုး .. ။ မင်းပြောတဲ့တံဆိပ်တွေက နည်းပညာပိုင်းမှာ (ဆ.သ.ရ)ကို မမှီတော့ဘူးကွ။ စစ်ကိုင်းမှာ လုပ်သွားတဲ့ (ဆ.သ.ရ) အရောင်းမြှင့်တင်ရေးကို M.R.T.V ၂၃က တိုက်ရိုက်လွှင့်လို့ ဒယ်ဒီကြည့်လိုက်ရတယ်။ သိပ်ကိုကောင်းတဲ့ လက်ကိုင်ဖုန်းတွေပဲသမီး . ။ Nokia ဆိုတာ ကလေးကစားတာပါကွာ။ ကဲ .. ဒီတော့ သမီးဗမာစာသင်တန်းတက်။ ပြီးရင် နောက်လထဲ ဒယ်ဒီဗမာပြည်သွားရင် လိုက်ခဲ့တော့ .. ဟုတ်ပြီလား´

`ဗမာပြည်ဝင် ဗီဇာက ထင်သလောက် မလွယ်ဘူးနော်။ နောက်ပြီး ဒယ်ဒီက ဘာသွားလုပ်မှာလဲ´

`ဒယ်ဒီက တောင်ငူမှာလုပ်မယ့် လေယာဉ်ပြပွဲကိုသွားမယ်။ ဗမာပြည်လုပ် `မိုးယံဆင်´ငါးထပ် လူစီးလေယာဉ်ကို အဓိကကြည့်ချင်လို့ပါ။ အဲဒီလေယာဉ်က ပြေးလမ်းမလိုဘူး။ ပြီးတော့ မြကျွန်းသာပန်းခြံထဲက ရေအောက်ပြခန်းလုပ်မယ့် စက်ရုပ်အလေးမပြိုင်ပွဲပါ ၀င်ကြည့်မလို့လေ´

`စိတ်ဝင်စားဖို့တော့ကောင်းသား .. ဒါပေမယ့် အစားအသောက်ကရော အဆင်ပြေပါ့မလားဒယ်ဒီ´

`ဟားဟား ငါ့သမီးကလဲ သူ့အမေနဲ့တူလာပြီ။ ကြံဖန်ပူတတ်လာတယ် .. ဒီမယ် ငါ့သမီး . ဗမာပြည်မှာ မရတာမရှိတော့ဘူး။ သမီးဘာစားချင်သလဲ။ အဆူးမပါ အနံ့ကင်းတဲ့ ၂၀၀၄ခုနှစ် စတိုင်ဒူးရင်းသီးလား။ သယ်ယူရ လွယ်ကူတဲ့ လေးထောင့်ပုံကြက်ဆင်ဥလား။ လေဆာနဲ့အရိုးတွေကိုချေပြီး တစ်ကောင်လုံးဝါးစားလို့ရအောင် လုပ်ထားတဲ့ ငါးသလောက်ပေါင်းလား။ ဥရောပတွေအတွက် သီးသန့်လုပ်ထားတဲ့ အဖြူရောင်ပုန်းရေကြီးလား .. ဒါမှမဟုတ်´

`တော်ပါပြီဒယ်ဒီရယ်။ ဗိုက်တောင်ဆာလာပြီ .. သွားရေးလာရေးနဲ့ဆက်သွယ်ရေးက .. ´

`သမီးမေးခွန်းတွေက နည်းနည်းဘေးရောက်လာပြီ ။ ဗမာပြည်သွားမယ်ဆိုရင် ဒါတွေထည့်စဉ်းစားဖို့ကို မလိုတော့ဘူးလေ။ လေယာဉ်ပေါ်ကဆင်းတာနဲ့ အောက်ဆီဂျင်စစ်စစ်ပေးထားတဲ့ လေရှုဘေးတွေ ထုတ်ပေးမယ်။ နေရောင်ခြည်ကာတဲ့ ဦးထုပ်နဲ့မျက်မှန်လည်းပေးမယ်။ ရာသီဥတုကြောင့်တော့ သမီးမပူရတော့ဘူး။ သမီးသွားမယ့် ဟိုတယ်တိုင်းမှာ သမီးစီးမယ့်ကားတံခါးကိုလာကပ်မယ့် Tube တွေရှိတယ်။ အဲဒီအပေါ် ခြေထောက်ချလိုက်ရုံနဲ့ အလိုအလျောက်ရွေ့လျားသွားပြီး သမီးကို Reception ကိုပို့ပေးလိမ့်မယ်။ အဲဒီမှာ ဘာသာစကားအနည်းဆုံး ၅၉၀လောက်ပြောတတ်တဲ့ ဟိုတယ်ဝန်ထမ်းတွေ စောင့်နေလိမ့်မယ် .. ။ နောက် ဘာတဲ့ ဆက်သွယ်ရေး ဟုတ်လား။ ဗမာနယ်စပ်ကို လေယာဉ်ဖြတ်တာနဲ့ အင်တာနက်ကွန်နက်ရှင်ရပြီး GSM တွေသယ်လာရင်ပြောလို့ရပြီ။ အဲ .. ကိုယ့်ဖုန်းကိုယူလာဖို့ မေ့ရင်လည်း မပူနဲ့။ လေဆိပ်မှာ လက်ကမ်းစာစောင်ဝေသလို GSM တွေဝေနေတဲ့ ချာတိတ်တွေရှိတယ်။ ကြိုက်တဲ့ SIM Card ရွေးယူ။ Hand Set ကတော့ ထုတ်ထားတာ ၂ပတ်ကြာတဲ့ မော်ဒယ်ဆိုရင် အလကားယူလို့ရတယ်လေ။ အများစုကတော့ ဆသရလို့ခေါ်တဲ့ ဆက်သွယ်ရေးတံဆိပ်တွေပဲ´

`သြော် ကောင်းလိုက်တာနော် အစိုးရနဲ့နိုင်ငံရေးရော ....... ´

`အစိုးရ ... အစိုးရ .. ဒီအစိုးရတော့ကွာ .. ဒီလိုရှိတယ် ... ဒယ်ဒီပြောမယ်´

ထိုစဉ် `ဆိုက်ကားအားလား´ဟူသော ခရီးသည်အသံကြောင့် ကျွန်တော်လည်းအိပ်ယာလန့်နိုးသွားကာ ခရီးသည်ကို လိုရာသို့တင်ဆောင်လိုက်ပို့လေသတည်း။

ပြည်ချစ်သူ

မှတ်ချက်။ ဖေဖော်ဝါရီလထုတ် အာဟာရစာစောင် အမှတ်(၈၄)မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

Technorati Tag : ပာာသ, Funny joke

Saturday, March 29, 2008

ဒါနဲ့စကားမစပ်

ဒါနဲ့စကားမစပ် စလုံးရောက်ပြီးတော့ ပဲပြုတ်နဲ့ ထမင်းစားခဲ့ရတဲ့ အကြောင်းပြောချင်ပါတယ်။
ပဲပြုတ်နဲ့ထမင်းစားတာများ ဘာဆန်းလဲလို့ပြောမှာပေါ့ ပာုတ်ကဲ့ ကျွန်တော့်အတွက်တော့ ဆန်းတယ်ခင်ဗျ။
ကျွန်တော်က အညာသားဆိုတော့ စားတော်ပဲပြုတ်ဆို သိပ်ကြိုက်တာကလား။ စလုံးရောက်တော့ ဒီမှာပဲပြုတ်ရှိမှန်းမသိဘူး တကယ်ပြောတာပါ အ တယ်လို့ပြောပြော ပိန်းတယ်လို့ပြောပြော ခံရမှာပဲ။
တစ်ရက် အိမ်မှာပျင်းပျင်းရှိတာနဲ့ အိမ်ရှိလူများ ဘာပာင်းချက်လဲ စူးစမ်းတော့ (အမှန်က ဘာပာင်းချက်ချက် နှိုက်စားမလို့) လားလား...... ကျွန်တော်ကြိုက်တဲ့ ပဲပြုတ် (ပီား..ပြောရင်းတောင် သရေကျလာပြီ) အစ်မကထမင်းနဲ့ ကြော်နေတာတွေ့တယ် ဘာပြောကောင်းမလဲ မရမကနှိုက်စားတော့တာပေါ့။ နောက်နေ့လည်းရောက်ရော ပနဆိုလပလာစာ ဆိုတဲ့ မြန်မာဆိုင်တွေရှိတဲ့ဆီကို သွားပြီး ပဲပြုတ်နှစ်ဒေါ်လာဖိုးဝယ်( အမ်မယ် တော်တော်ရတယ်ဗျ... )အိမ်ရောက်တော့ ပဲပြုတ်ချည်းပဲထိုင်စားတာပေါ့။
စာရှု့သူမိတ်ဆွေလည်း ကိုယ်သိပ်ကြိုက်တဲ့ အစားအသောက်ကို ကြာကြာမတွေ့ရပဲ ရုတ်တရက်မြင်လိုက်ရတဲ့ ခံစားချက်မျိုးရှိဘူးပါသလား.....ကျွန်တော့်ကို လာမေးလျှင်တော့ ပဲပြုတ် အကြောင်းပဲပြောမိမှာပဲ သေချာတယ်။
ကဲမိတ်ဆွေ ....မိတ်ဆွေသိပ်ကြိုက်တဲ့ အစားအသောက်ကို စိတ်ကူး ကြည့်လိုက်ပါ(only စားစရာသာ)... ထူးခြားတဲ့ခံစားချက်မျိုးရခဲ့ရင် C Box မှာ ခံစားချက်ကိုမျှဝေနိုင်ပါတယ်။
Technorati tag : ပဲပြုတ်

Friday, March 28, 2008

ရသရဲ့စာသားလေးကိုကြိုက်လွန်းလို့ပါ



တစ်ခါလောက်လွမ်းတိုင်းသာ
တစ်ကျပ်ရရင်
ပေးဆပ်မှု့တစ်ခုစီအတွက်
အရေအတွက်ကိုမှတ်ရရင်
မြန်မာပြည်နယ်နိမိတ်ကို
အုတ်တံတိုင်းတောင်ခတ်ပြချင်

အထူးကောင်ပာုနာမည်ရခြင်း

ကျွန်တော် စလုံးကိုရောက်ကာစက ပထမဆုံး သူငယ်ချင်းတွေနဲ့ vivocityမှာ သွားထိုင်ရင်း ရောက်လေရာရာ ပြောဖြစ်ကြပါတယ်။ ကျွန်တော့်ဘဝ တစ်စိတ်တစ်ဒေသအား သူတို့ကိုရင်ဖွင့်မိရာကနေ သူတို့ကတညီတညွတ်တည်း နာမည်ပြန်ပေးလိုက်ကြတာက အထူးကောင်တဲ့ ပာင့် ဒါပေမယ့် သူတို့ပေးလိုက်ကြတဲ့ ဒီအထူးကောင် နာမည်ကိုပဲ စိတ်ထဲမှာစွဲ နေမိတော့တယ်။ နောက်ပိုင်း ဒီနာမည်ကိုပဲ အမှတ်တရ မြတ်မြတ်နိုးနိုး(နာမည်မပာုတ်ပါ)နဲ့ သုံးစွဲမိပါတယ်။ ဒါ အထူးကောင် ဆိုတဲ့နာမည် ဖြစ်ပေါ်လာရခြင်းအကြောင်းပါ။

Thursday, March 27, 2008

ပန်းပွင့်အထာ

  • နွယ်ပင်လိမ်ယှက်
    ဆူးပင်ခက်လည်း
    ပွင့်ဖတ်ကတော့
    ဖွင့်မှာပဲ
    ပန်းဆိုတာလည်း
    ပွင့်မှာပဲ
    ပွင့်ခဲ့သည့်ပန်း
    သခင်လှမ်းဖို့
    လေပြေမလို
    ကြွေရန်အသင့်။

Wednesday, March 26, 2008

အိုးကလေးလှုပ်ပါပေား..ရေအိုးလေးလှုပ်ပါပေား..

စိုင်းစိုင်းတို့ အိုးအလှုပ်ကောင်းပုံများ ကိုချမ်းမြစိုးရဲ့ blogကို သွားလည်ရင်းတွေ့လို့ ပြန်လည်ဖောက်သည်ချပါသည်။ ကြည့်ချင်လျှင် ဒီမှာပါ။

Technorati tags : စိုင်းစိုင်း, စိုင်းစိုင်းခမ်းလှိုင်

Blog ၏အစ

ကျွန်တော်ဒီ blog ကို ရေးရခြင်းရဲ့ အဓိကက အင်တာနက်မှာ ဘယ်တော့မှ ပျောက်ပျက်မသွားမယ့် မှတ်တမ်းလေးတစ်ခု ရှိဖို့နဲ့ ရင်ထဲမှာ ခံစားရတာတွေကို သီကုံးဖို့အတွက်ပါ။
လာရောက်အားပေးကြသူများကို အထူးပဲကျေးဇူးတင်ရှိပါတယ်။