Saturday, March 29, 2008

ဒါနဲ့စကားမစပ်

ဒါနဲ့စကားမစပ် စလုံးရောက်ပြီးတော့ ပဲပြုတ်နဲ့ ထမင်းစားခဲ့ရတဲ့ အကြောင်းပြောချင်ပါတယ်။
ပဲပြုတ်နဲ့ထမင်းစားတာများ ဘာဆန်းလဲလို့ပြောမှာပေါ့ ပာုတ်ကဲ့ ကျွန်တော့်အတွက်တော့ ဆန်းတယ်ခင်ဗျ။
ကျွန်တော်က အညာသားဆိုတော့ စားတော်ပဲပြုတ်ဆို သိပ်ကြိုက်တာကလား။ စလုံးရောက်တော့ ဒီမှာပဲပြုတ်ရှိမှန်းမသိဘူး တကယ်ပြောတာပါ အ တယ်လို့ပြောပြော ပိန်းတယ်လို့ပြောပြော ခံရမှာပဲ။
တစ်ရက် အိမ်မှာပျင်းပျင်းရှိတာနဲ့ အိမ်ရှိလူများ ဘာပာင်းချက်လဲ စူးစမ်းတော့ (အမှန်က ဘာပာင်းချက်ချက် နှိုက်စားမလို့) လားလား...... ကျွန်တော်ကြိုက်တဲ့ ပဲပြုတ် (ပီား..ပြောရင်းတောင် သရေကျလာပြီ) အစ်မကထမင်းနဲ့ ကြော်နေတာတွေ့တယ် ဘာပြောကောင်းမလဲ မရမကနှိုက်စားတော့တာပေါ့။ နောက်နေ့လည်းရောက်ရော ပနဆိုလပလာစာ ဆိုတဲ့ မြန်မာဆိုင်တွေရှိတဲ့ဆီကို သွားပြီး ပဲပြုတ်နှစ်ဒေါ်လာဖိုးဝယ်( အမ်မယ် တော်တော်ရတယ်ဗျ... )အိမ်ရောက်တော့ ပဲပြုတ်ချည်းပဲထိုင်စားတာပေါ့။
စာရှု့သူမိတ်ဆွေလည်း ကိုယ်သိပ်ကြိုက်တဲ့ အစားအသောက်ကို ကြာကြာမတွေ့ရပဲ ရုတ်တရက်မြင်လိုက်ရတဲ့ ခံစားချက်မျိုးရှိဘူးပါသလား.....ကျွန်တော့်ကို လာမေးလျှင်တော့ ပဲပြုတ် အကြောင်းပဲပြောမိမှာပဲ သေချာတယ်။
ကဲမိတ်ဆွေ ....မိတ်ဆွေသိပ်ကြိုက်တဲ့ အစားအသောက်ကို စိတ်ကူး ကြည့်လိုက်ပါ(only စားစရာသာ)... ထူးခြားတဲ့ခံစားချက်မျိုးရခဲ့ရင် C Box မှာ ခံစားချက်ကိုမျှဝေနိုင်ပါတယ်။
Technorati tag : ပဲပြုတ်

No comments: