Tuesday, April 15, 2008

ပြောပါရစေ

၁၂ ရက်နေ့က စင်ကာပူ မှာသင်္ကြန်လုပ်ကြတယ် တိုပါးယိုးကဘုန်းကြီးကျောင်းတော့မရောက်ဖြစ်ဘူး ယူးနို့စ်ကဘုန်းကြီးကျောင်းတော့ ရောက်ဖြစ်တယ်... ကျနော်က ဒီရောက်တာ မကြာသေးတော့ စင်ကာပူကသင်္ကြန်ကို မရောက်ဖူးဘူး...ဘယ်လိုမှန်းတောင်မသိဘူး....ဒါနဲ့သွားဖြစ်အောင်သွားမယ်ဆိုပြီးသွားတာ....မနက်ပိုင်းကတော့ ကျနော်ရယ် ကိုကောင်းတမန်ရယ် တခြားသူငယ်ချင်းတစ်ယောက်ရယ် ကလီမန့်တိ့က ဘုန်းကြီးကျောင်းသွားကြတယ်....ဘုရားလည်းဖူးရင်း..သူတို့ကျွေးတဲ့ စတုဒီသာလည်း စားရင်းပေါ့ဗျာ..နေ့လည်ပိုင်းကိုခိုင်မြဲကခေါ်တာနဲ့ ယူးနို့စ်ကဘုန်းကြီးကျောင်းလိုက်သွားတာ...အိုး....မြန်မာတွေ မြန်မာတွေဆိုတာ အများကြီး ယူးနို့စ်ဘူတာကနေ ဘုန်းကြီးကျောင်းထိ လူတန်းကြီး မြင်ရတာနဲ့ကိုပျော်စရာကြီး ကျောင်းဝန်းထဲမှာလဲ စတုဒီသာကျွေးတဲ့သူကကျွေးနဲ့ ကြည်နူးစရာကောင်းပါ့...ကျနော့် ကြည်နူးမှု့ကခဏပါပဲဗျာ ကျောင်းအရှေ့ဘက်မှာ တီးဝိုင်းအဖွဲ့ဆီရောက်တော့ ကြက်ပျောက် ငှက်ပျောက်ကိုပျောက်သွားတယ် လူတွေ လူတွေ တီးဝိုင်းနဲ့အတူမူးပြီးကနေကြတာ...ကောင်မလေး..ကောင်မကြီးတွေကောပါတယ်...မူးနေကြတာ...မူးနေကြတာ....အပြောအဆိုကြမ်းသွားရင်ခွင့်လွှတ်ကြပါ....ကျနော် ရှက်လွန်းလို့ပါ...ခုချိန်မှာ ကျနော်တို့အားလုံးက သူများနိုင်ငံမှာဆိုတာ သူတို့မေ့နေကြတယ်ဗျာ ကျနော် ဝမ်းနည်းတယ်...ဘေးမှာရပ်ကြည့်နေတဲ့ သူတွေက မြန်မာရိုးရာအတာသင်္ကြန်ဆိုတာ ဒီလိုလားလို့ထင်သွားကြတယ်ဗျာ...ရပ်ကြည့်ပြီး အံ့သြတဲ့ မျက်လုံးတွေနဲ့ကြည့်နေကြတာ....ကျနော်ရှက်လွန်းလို့ပါ ခွင့်လွှတ်ကြပါဗျာ

2 comments:

ein said...

ခုလိုလေးပြောပြလိုက်တော့လဲအိမ်လေးတို့ပါ သိသွားရတာပေါ့ရှင်...း) ပြောပါ ပြောပါ ဆက်ပြောပါနော် ...:P မင်္ဂလာနှစ်သစ် ၁၃ရ၀ မှ စပြီး ပျော်ရွှင် အဆင်ပြေပါစေရှင်...း)

Thein Min Htike said...

အထူးကောင်.ရေ.....

ပြောသာပြောပါ။ ပြောမှ သိတာပေါ့။ အားမနာနဲ့။ ကျွန်တော် ဘလော့ဂ်မှာလည်း လာတင်ဗျာ...။အားပေးပါတယ်။

ကျွန်တော်ကတော့ မြန်မာတွေ့ ရိုးရာ ယဉ်ကျေးမှုကို မမေ့စေချင်ဘူး။ ကျွန်တော်အမြင်ပြောရရင် ဘိုးတော်ဖြစ်နေပြီ ပြောပြော သင်္ကြန်ဆို အမျိုးသား၊ အမျိုးသမီး မြန်မာဝတ်စုံဝတ်ပြီး ရိုးရိုးလေး ပိတောက်ပန်းခူး၊ရေစင်ဖြန်းပြီး စတုဒီသာ လည်စားကြမယ်ဆို နိုင်ငံခြားသားတွေ ဘယ်လိုမြင်မလဲဗျာ......။

သင်္ကြန်ကို မန်းဆန်၊နန်းဆန် စေချင်တဲ့ အမေ့ရှေ့စကားတွေ ပြောတတ်တဲ့ မန္တလေးက အမေမာ ကို ရုတ်တရက် သွား သတိရမိတယ်။ အမေသာ မြင်ရင် ဘယ်လို ပြောမလဲဗျာ.။

အထူးကောင် ရေ ...........

ဘာပဲပြောပြော နောက်ဆုံး သင်္ကြန်ဆိုတာ မပျောက်သွားသေးတာပဲ ကျေးဇူးတင်ရမလို ဖြစ်နေပြီ။

အဲလို လည်း တကယ်က မကောင်းသေးပါဘူး။ အမေမာ ပြောဖူးသလိုပဲ လူကြီးသူမတွေ ၊ရဟန်းသံဃာတွေက အမြင်မတော်ရင် ဆုံးမပေးကြပါအုန်းလို့ပဲ တောင်းဆိုလိုက်ပါတယ်။