Wednesday, April 16, 2008

ဒီနေ့

ဒီနေ့တော့ဘယ်မှမသွားဖြစ်ဘူးဗျာ...တစ်နေကုန်အိမ်မှာပဲ စားလိုက်အိပ်လိုက်နဲ့ ဘလော့တကာလျှောက်လည်နေတာ...မနေ့ညကရန်ကုန်က သူငယ်ချင်းနဲ့ gtalk မှာတွေ့တော့ မစားရအညော်ခံ ရန်ကုန်သင်္ကြန်ကြောင်း ကြားလိုက်ရသေးတယ်...ဘာတဲ့ စိုင်းစိုင်းသီချင်းကို ဖျက်ဆိုထားတာဆိုလား....အိုးလေးသုံးရာပေား...အိုးကြီးငါးရာပေား...တဲ့..ပာား..ပာား..ဒီစာသားကိုကြိုက်လို့ ဘလော့တကာလိုက်အော်နေတာ တော်တော်တောင်မောသွားတယ်..မြန်မာဘလော့ဂါတွေတောင်တော်တော်များလာပြီနော်....ကျနော်ကတော့ကောင်းတယ်လို့မြင်တယ်...မြန်မာအချင်းချင်း ကူညီရိုင်းပင်းကြတာ..မသိတာရှိရင် ပြောပြကြတာ..ကိုယ်သိထားတာလေးတွေကိုမျှဝေကြတာ မင်္ဂလာတစ်ပါးပါပဲဗျာ..ဝမ်းသာပါတယ်..တစ်ချို့တစ်ချို့တွေကတော့ ဇာတ်လမ်းတွေ ဘာလေးတွေကို ရလို့..ပိာ အဆင်ပြေနေကြတာ...စင်ကာပူမှာသာလာနေရတာ စိတ်ကတော့ရွာမှာပဲဗျ...အဲ..အဲ..ရွာဆိုလို့တစ်ခြားမထင်နဲ့အုံး..စင်ကာပူမှာ မြန်မာနိုင်ငံကို ရွာလို့ခေါ်သဗျ..ဖြစ်ပုံကအဲဒီလို... ကျနော်လည်းရွာမှာလွမ်းစရာလေးတွေတော့ကျန်ခဲ့တာပေါ့ဗျာ..ပဲာ..ပဲာ... ဒါနဲ့စကားမစပ် ကျနော် သတိထားမိတာ တစ်ခုပြောချင်လို့ဗျ..ကျနော်တို့မြန်မာလူငယ်တော်တော်များများ မြန်မာနှစ်သစ်ကူး အချိန်နဲ့ ပတ်သက်ပြီးတလွဲဖြစ်နေတယ်ထင်လို့ပါ အမှန်ဆိုရင် မြန်မာနှစ်ကူးသင်္ကြန်စာမှာပါတဲ့ အတိုင်း အတက်နေ့ ဘယ်နှစ်နာရီမှာ နှစ်သစ်တစ်ခုသို့ကူးပြောင်းပါသည်လို့ပါတယ်ဗျ..ဥပမာ..အတာသင်္ကြန်အတက်နေ့.မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ၁၃၅၉ ခုနှစ်မှ ၁၃၆၀ သို့ကူးပြောင်းပါသည်လို့ပါသဗျ..စဉ်းစားကြည့်တော့လည်း ဒီအချိန်ကို happy new year အော်ရမှာပေါ့..နောက်ဆုံးရက် ဆိုပြီးဒီလောက်ကဲနေကြမှာကို ဘယ်သူကသတိရမှာလဲနော်..ပာုတ်ပါတယ်..ပာုတ်ပါတယ်..

2 comments:

ein said...

ဒီနေ့ဆိုတော့ကာ အရင်နေ့မဟုတ်လို့ပေါ့နော် ...:P

YeAungThu said...

း)
သင်္ကြန်မှာ မဖြူသော အသားများမဲသွားပါကြောင်းသတင်းပိုစ်...