Saturday, April 19, 2008

ကျေးဇူးပါခင်ဗျာ

ဘာအလုပ်မှမရှိသေးပဲ အိမ်ထဲမှာအောင်းနေရတာလောက် ပျင်းစရာမရှိဘူးဗျာ...သင်္ကြန်ဆိုတာဘာမှန်းကိုမသိခဲ့ဘူး..စိတ်ညစ်စရာတွေ..စိတ်ရှုပ်စရာတွေနဲ့ပဲ ၁၃၇၀ ခုနှစ်ကိုကူးလာခဲ့ရတယ်..ဖြေသာစရာ တစ်ခုက ဘလော့တွေမှာ လိုက်နွဲခဲ့ရတဲ့ c box သင်္ကြန်တွေလေ..စိတ်ဖြေစရာရတာပေါ့..ပိာုလူ့ဘလော့သွားလိုက် ဒီလူ့ဘလော့သွားလိုက် ဆီဗုံးမှာ ရေလောင်းလိုက်နဲ့ အပြင်ကသင်္ကြန်ထက်ပျော်ခဲ့ရတယ်...ဘလော့ဂါ သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်မိတယ်..သူတို့ဆီသွားလည်ရင်း ကိုယ့်ဆီလည်းလာလည်ကြပါလို့ ဖိတ်ရတယ်..လာလည်ကြ ဆုတောင်းပေးကြနဲ့ ကြည်နူးစရာကောင်းခဲ့တယ်..ပျော်စရာလည်းကောင်းတယ်..နောက်တစ်ခုက သူငယ်ချင်းတွေအများကြီးရခဲ့တယ်....သူတို့ဆီသွားလည်ရင်း ဗပာုသုတတွေအများကြီးရခဲ့တယ်...မသိသေးတာတွေသိရတယ်....ရယ်စရာတွေလည်းဖတ်ရတယ်...ဘလော့ဂါသူငယ်ချင်းတွေရေ..ကျေးဇူးပါခင်ဗျာ

No comments: