Monday, April 21, 2008

စလုံးတွေ့အကြုံတချို့

စလုံးမှာလူမျိုးပေါင်းစုံ ရှိသဗျ...တရုတ်..မလေး..မြန်မာ..အို..စုံလို့ပါပဲ..အစားတွေလည်းပေါင်းစုံရသဗျ..စားလို့ကလည်း ကောင်းမှကောင်း..ဈေးကလည်းကောင်းမှကောင်းပဲ..တစ်ခါတစ်ခါစားပြီးရင်..မျက်လုံးပြူးရတယ်..အစားအသောက်ပြောလို့..ကြုံတုန်းရယ်စရာလေးတစ်ခုပြောပြမယ်ဗျ..ကျနော်တို့မြန်မာနိုင်ငံက လက်ဖက်ရည်ဆိုင်တွေမှာ ရတတ်တဲ့ ပလာတာ ဒီမှာရသဗျ..တစ်ရက် ကျနော်ရယ် သူငယ်ချင်းတစ်ယောက်ရယ် မနက်စာစားဖို့ အိန္ဒိယစားစရာရောင်းတဲ့ဆိုင်ကိုရောက်ရော...ကောင်တာထဲမှာ ပလာတာ တွေတွေ့တော့ သူငယ်ချင်းက ပလာတာကိုမေ့ပြီး ကီးမားလို့ပြောလိုက်တာ ရောင်းတဲ့ကုလားမကြီးက ကီးမားမပာုတ်ဘူး ပလာတာလို့ပြောတယ် နှစ်ယောက်သားကြောင်သွားပြီးမှ အော်ပာုတ်တာပဲ ဒါအိန္ဒိယစကားပဲသဘောပေါက်တော့တယ်..အော် ပလာတာ ပလာတာ ပြောရင်းတောင်စားချင်လာပြီ...နောက်တစ်ခုက အိန္ဒိယစားစရာဆိုင်မှာပါပဲ ဆားလိုချင်လို့ ဆားကို အင်္ဂလိပ်လိုပြောတောင်းတာ မရပဲ..ပါးစပ်က ဆားလို့ ရောင်ထွက်တော့မှပဲ ရောင်းတဲ့ ကုလားက ဆားပုလင်းထုတ်ပေးတာ ကြုံဘူးတယ်..ရယ်စရာလေးတွေပေါ့

No comments: