Tuesday, April 22, 2008

ခေါင်းအုံးစွပ်များနှင့် ကျနော်

ကျနော့်  အသက်၁၈နှစ်မှာမှ ရန်ကုန်ကိုရောက်ဖူးတာ..ရန်ကုန်ကို ပထမဆုံးရောက်တော့ ဆူးလေတဝိုက်၊ ပန်းဆိုးတန်း နဲ့ နာမည်ကျော်လှည်းတန်းကို ရောက်တယ် အဲဒီမှာ ခေါင်းအုံးစွပ် ဝတ်ထားတဲ့ကောင်မလေးတွေ စတွေ့တာပဲ..နားရှုပ်သွားလား..ခေါင်းအုံးစွပ်လေ..ဦးမေတ္တာပြောတဲ့ပာာလေ..အငြိမ့်တစ်ခုထဲမှာပါ..ဦးမေတ္တာတို့ကပြောတယ်..ငါတို့တော့ ဝတ်စရာမရှိရင် ဘာမှမဖြစ်ဘူး ခေါင်းအုံးစွပ်ကောက်စွပ်လိုက်ရင် စကပ်ဖြစ်တယ်ဆိုတာလေ..ပဲာ..ပဲာ..ခေါင်းအုံးစွပ်တွေတွေ့တော့ မျက်စိကိုအနားကိုမရဘူး..ပီား..ပီား..နောက်စလုံးကို ရောက်တော့ဗျာ..ခေါင်းအုံးစွပ်တွေမှ များမှများပဲ..MRTပေါ်မှာ..Busပေါ်မှာ..shopping Centre မှာများကြီးဗျာ..ကျနော်နားမလည်တာတစ်ခုက...ဘာလို့များ ဒီပာာကို မက်မက်မောမောဝတ်ကြတာတုန်း..အနီးစပ်ဆုံး တွေးနိုင်တာတစ်ခုကတော့ အိုက်လို့ပဲ..အင်း..အိုက်လို့ပဲဖြစ်မှာပါလေ..

Monday, April 21, 2008

စလုံးတွေ့အကြုံတချို့

စလုံးမှာလူမျိုးပေါင်းစုံ ရှိသဗျ...တရုတ်..မလေး..မြန်မာ..အို..စုံလို့ပါပဲ..အစားတွေလည်းပေါင်းစုံရသဗျ..စားလို့ကလည်း ကောင်းမှကောင်း..ဈေးကလည်းကောင်းမှကောင်းပဲ..တစ်ခါတစ်ခါစားပြီးရင်..မျက်လုံးပြူးရတယ်..အစားအသောက်ပြောလို့..ကြုံတုန်းရယ်စရာလေးတစ်ခုပြောပြမယ်ဗျ..ကျနော်တို့မြန်မာနိုင်ငံက လက်ဖက်ရည်ဆိုင်တွေမှာ ရတတ်တဲ့ ပလာတာ ဒီမှာရသဗျ..တစ်ရက် ကျနော်ရယ် သူငယ်ချင်းတစ်ယောက်ရယ် မနက်စာစားဖို့ အိန္ဒိယစားစရာရောင်းတဲ့ဆိုင်ကိုရောက်ရော...ကောင်တာထဲမှာ ပလာတာ တွေတွေ့တော့ သူငယ်ချင်းက ပလာတာကိုမေ့ပြီး ကီးမားလို့ပြောလိုက်တာ ရောင်းတဲ့ကုလားမကြီးက ကီးမားမပာုတ်ဘူး ပလာတာလို့ပြောတယ် နှစ်ယောက်သားကြောင်သွားပြီးမှ အော်ပာုတ်တာပဲ ဒါအိန္ဒိယစကားပဲသဘောပေါက်တော့တယ်..အော် ပလာတာ ပလာတာ ပြောရင်းတောင်စားချင်လာပြီ...နောက်တစ်ခုက အိန္ဒိယစားစရာဆိုင်မှာပါပဲ ဆားလိုချင်လို့ ဆားကို အင်္ဂလိပ်လိုပြောတောင်းတာ မရပဲ..ပါးစပ်က ဆားလို့ ရောင်ထွက်တော့မှပဲ ရောင်းတဲ့ ကုလားက ဆားပုလင်းထုတ်ပေးတာ ကြုံဘူးတယ်..ရယ်စရာလေးတွေပေါ့

Saturday, April 19, 2008

ကျေးဇူးပါခင်ဗျာ

ဘာအလုပ်မှမရှိသေးပဲ အိမ်ထဲမှာအောင်းနေရတာလောက် ပျင်းစရာမရှိဘူးဗျာ...သင်္ကြန်ဆိုတာဘာမှန်းကိုမသိခဲ့ဘူး..စိတ်ညစ်စရာတွေ..စိတ်ရှုပ်စရာတွေနဲ့ပဲ ၁၃၇၀ ခုနှစ်ကိုကူးလာခဲ့ရတယ်..ဖြေသာစရာ တစ်ခုက ဘလော့တွေမှာ လိုက်နွဲခဲ့ရတဲ့ c box သင်္ကြန်တွေလေ..စိတ်ဖြေစရာရတာပေါ့..ပိာုလူ့ဘလော့သွားလိုက် ဒီလူ့ဘလော့သွားလိုက် ဆီဗုံးမှာ ရေလောင်းလိုက်နဲ့ အပြင်ကသင်္ကြန်ထက်ပျော်ခဲ့ရတယ်...ဘလော့ဂါ သူငယ်ချင်းတွေကိုလည်း ကျေးဇူးတင်မိတယ်..သူတို့ဆီသွားလည်ရင်း ကိုယ့်ဆီလည်းလာလည်ကြပါလို့ ဖိတ်ရတယ်..လာလည်ကြ ဆုတောင်းပေးကြနဲ့ ကြည်နူးစရာကောင်းခဲ့တယ်..ပျော်စရာလည်းကောင်းတယ်..နောက်တစ်ခုက သူငယ်ချင်းတွေအများကြီးရခဲ့တယ်....သူတို့ဆီသွားလည်ရင်း ဗပာုသုတတွေအများကြီးရခဲ့တယ်...မသိသေးတာတွေသိရတယ်....ရယ်စရာတွေလည်းဖတ်ရတယ်...ဘလော့ဂါသူငယ်ချင်းတွေရေ..ကျေးဇူးပါခင်ဗျာ

Friday, April 18, 2008

အလှည့်

လောကဓံက
ခင်ဗျားတို့အတွက်တော့
အပျက်ဆိုတာ မရှိတော့ဘူးလား
ခင်ဗျားဘဝရဲ့
အကျည်းတန်လှချိန်ကကုန်ပါပြီ
နေ့ပြီးရင် ညလာသလို
နွေပြီးရင် မိုးလာပါတယ်
ကဲ
ခင်ဗျားဘဝ ခင်ဗျားဘာသာရွေးတော့
ရေချိုးမှာလား ဒိုက်ထိုးမှာလား။

Wednesday, April 16, 2008

ဒီနေ့

ဒီနေ့တော့ဘယ်မှမသွားဖြစ်ဘူးဗျာ...တစ်နေကုန်အိမ်မှာပဲ စားလိုက်အိပ်လိုက်နဲ့ ဘလော့တကာလျှောက်လည်နေတာ...မနေ့ညကရန်ကုန်က သူငယ်ချင်းနဲ့ gtalk မှာတွေ့တော့ မစားရအညော်ခံ ရန်ကုန်သင်္ကြန်ကြောင်း ကြားလိုက်ရသေးတယ်...ဘာတဲ့ စိုင်းစိုင်းသီချင်းကို ဖျက်ဆိုထားတာဆိုလား....အိုးလေးသုံးရာပေား...အိုးကြီးငါးရာပေား...တဲ့..ပာား..ပာား..ဒီစာသားကိုကြိုက်လို့ ဘလော့တကာလိုက်အော်နေတာ တော်တော်တောင်မောသွားတယ်..မြန်မာဘလော့ဂါတွေတောင်တော်တော်များလာပြီနော်....ကျနော်ကတော့ကောင်းတယ်လို့မြင်တယ်...မြန်မာအချင်းချင်း ကူညီရိုင်းပင်းကြတာ..မသိတာရှိရင် ပြောပြကြတာ..ကိုယ်သိထားတာလေးတွေကိုမျှဝေကြတာ မင်္ဂလာတစ်ပါးပါပဲဗျာ..ဝမ်းသာပါတယ်..တစ်ချို့တစ်ချို့တွေကတော့ ဇာတ်လမ်းတွေ ဘာလေးတွေကို ရလို့..ပိာ အဆင်ပြေနေကြတာ...စင်ကာပူမှာသာလာနေရတာ စိတ်ကတော့ရွာမှာပဲဗျ...အဲ..အဲ..ရွာဆိုလို့တစ်ခြားမထင်နဲ့အုံး..စင်ကာပူမှာ မြန်မာနိုင်ငံကို ရွာလို့ခေါ်သဗျ..ဖြစ်ပုံကအဲဒီလို... ကျနော်လည်းရွာမှာလွမ်းစရာလေးတွေတော့ကျန်ခဲ့တာပေါ့ဗျာ..ပဲာ..ပဲာ... ဒါနဲ့စကားမစပ် ကျနော် သတိထားမိတာ တစ်ခုပြောချင်လို့ဗျ..ကျနော်တို့မြန်မာလူငယ်တော်တော်များများ မြန်မာနှစ်သစ်ကူး အချိန်နဲ့ ပတ်သက်ပြီးတလွဲဖြစ်နေတယ်ထင်လို့ပါ အမှန်ဆိုရင် မြန်မာနှစ်ကူးသင်္ကြန်စာမှာပါတဲ့ အတိုင်း အတက်နေ့ ဘယ်နှစ်နာရီမှာ နှစ်သစ်တစ်ခုသို့ကူးပြောင်းပါသည်လို့ပါတယ်ဗျ..ဥပမာ..အတာသင်္ကြန်အတက်နေ့.မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ၁၃၅၉ ခုနှစ်မှ ၁၃၆၀ သို့ကူးပြောင်းပါသည်လို့ပါသဗျ..စဉ်းစားကြည့်တော့လည်း ဒီအချိန်ကို happy new year အော်ရမှာပေါ့..နောက်ဆုံးရက် ဆိုပြီးဒီလောက်ကဲနေကြမှာကို ဘယ်သူကသတိရမှာလဲနော်..ပာုတ်ပါတယ်..ပာုတ်ပါတယ်..

Tuesday, April 15, 2008

ပြောပါရစေ

၁၂ ရက်နေ့က စင်ကာပူ မှာသင်္ကြန်လုပ်ကြတယ် တိုပါးယိုးကဘုန်းကြီးကျောင်းတော့မရောက်ဖြစ်ဘူး ယူးနို့စ်ကဘုန်းကြီးကျောင်းတော့ ရောက်ဖြစ်တယ်... ကျနော်က ဒီရောက်တာ မကြာသေးတော့ စင်ကာပူကသင်္ကြန်ကို မရောက်ဖူးဘူး...ဘယ်လိုမှန်းတောင်မသိဘူး....ဒါနဲ့သွားဖြစ်အောင်သွားမယ်ဆိုပြီးသွားတာ....မနက်ပိုင်းကတော့ ကျနော်ရယ် ကိုကောင်းတမန်ရယ် တခြားသူငယ်ချင်းတစ်ယောက်ရယ် ကလီမန့်တိ့က ဘုန်းကြီးကျောင်းသွားကြတယ်....ဘုရားလည်းဖူးရင်း..သူတို့ကျွေးတဲ့ စတုဒီသာလည်း စားရင်းပေါ့ဗျာ..နေ့လည်ပိုင်းကိုခိုင်မြဲကခေါ်တာနဲ့ ယူးနို့စ်ကဘုန်းကြီးကျောင်းလိုက်သွားတာ...အိုး....မြန်မာတွေ မြန်မာတွေဆိုတာ အများကြီး ယူးနို့စ်ဘူတာကနေ ဘုန်းကြီးကျောင်းထိ လူတန်းကြီး မြင်ရတာနဲ့ကိုပျော်စရာကြီး ကျောင်းဝန်းထဲမှာလဲ စတုဒီသာကျွေးတဲ့သူကကျွေးနဲ့ ကြည်နူးစရာကောင်းပါ့...ကျနော့် ကြည်နူးမှု့ကခဏပါပဲဗျာ ကျောင်းအရှေ့ဘက်မှာ တီးဝိုင်းအဖွဲ့ဆီရောက်တော့ ကြက်ပျောက် ငှက်ပျောက်ကိုပျောက်သွားတယ် လူတွေ လူတွေ တီးဝိုင်းနဲ့အတူမူးပြီးကနေကြတာ...ကောင်မလေး..ကောင်မကြီးတွေကောပါတယ်...မူးနေကြတာ...မူးနေကြတာ....အပြောအဆိုကြမ်းသွားရင်ခွင့်လွှတ်ကြပါ....ကျနော် ရှက်လွန်းလို့ပါ...ခုချိန်မှာ ကျနော်တို့အားလုံးက သူများနိုင်ငံမှာဆိုတာ သူတို့မေ့နေကြတယ်ဗျာ ကျနော် ဝမ်းနည်းတယ်...ဘေးမှာရပ်ကြည့်နေတဲ့ သူတွေက မြန်မာရိုးရာအတာသင်္ကြန်ဆိုတာ ဒီလိုလားလို့ထင်သွားကြတယ်ဗျာ...ရပ်ကြည့်ပြီး အံ့သြတဲ့ မျက်လုံးတွေနဲ့ကြည့်နေကြတာ....ကျနော်ရှက်လွန်းလို့ပါ ခွင့်လွှတ်ကြပါဗျာ

Friday, April 11, 2008

ပြန်လည်စတင်ခြင်း

ကျွန်တော် ဒီဘလော့လေးကို စပြီးရေးခဲ့ပြီးနောက် နေ့တိုင်း ပို့စ်တွေတင်နိုင်အောင် လုပ်မယ်လို့ စိတ်ကူးထားတာ...တကယ်တမ်းကျတော့ မတင်ဖြစ်ဘူးဗျာ.... လူကစိတ်လေနေတာလည်းပါမှာပေါ့....ခုတော့ပြန်ရေးတော့မယ်လို့ စိတ်ကူးတာပဲ.....သင်္ကြန်ရောက်တော့မယ်နော်...ကျွန်တော် မြန်မာပြည်ကို ပြန်ချင်တယ်.....မန္တလေးသင်္ကြန်ကိုလွမ်းလို့....ဒီအချိန်ဆိုရင် ပိာုမှာကျန်ခဲ့တဲ့ ကျွန်တော့်သူငယ်ချင်း ငတိတွေ...ဘယ်လိုကဲကြမယ် ဆိုတာစီစဉ်ပြီးလောက်ပြီ...အေးလေ သဘက်ခါဆိုရင်ပဲ သင်္ကြန်အကြိုနေ့ကိုး...ဒီနေ့မနက်အိပ်ယာကနေ နိုးနိုးခြင်းပဲ ဖုန်းမှာ message တစ်ခုရောက် နေတယ် စင်ကာပူမှာ ပိတောက်တွေ ပွင့်နေပြီတဲ့ ကောင်းလိုက်တာ...ပိတောက်ကတော့ မြန်မာပြည် ရယ် စင်ကာပူ ရယ် မခွဲဘူး မြန်မာတွေအတွက်ပွင့်ပေးတာပဲ.....ဘယ်ကိုရောက်ရောက်ပါ....မြန်မာပာာမြန်မာပဲ...ပိတောက်ကိုတော့ချစ်ကြတာပဲ....ပြည်ပကိုရောက်လာမှပဲ...ပိတောက်ကိုဘယ်လောက်ချစ်တယ်...သင်္ကြန်ကိုဘယ်လောက်ချစ်တယ် ဆိုတာကိုယ့်ကိုယ်ကို သိလိုက်ရတယ်..(တယ်ကဗျာဆန်တယ်နော်..ပိာ)..
နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ ဘဝမှာ အောင်မြင်မှု့တွေရကြပါစေကြောင်း ဆုတောင်းလိုက်ပါတယ်....
အားလုံးပဲ မင်္ဂလာနှစ်သစ်ပါခင်ဗျာ....

Tuesday, April 1, 2008

တရားခံ ကငါ

ဘယ်သူ့ကိုမှ အပြစ်မတင်နဲ့
တရားခံက ငါ
စိတ်ဝင်စားစရာ မရှိဘူး
အေး
ရေးချင်တာ ရေးတာအပြစ်လား
ဘယ်သူ့ကိုမှ ဂရုမစိုက်နဲ့
ပြောချင်တာပြော
ဒါခင်ဗျားလွတ်လပ်ခွင့်
ပိတ်ပင်လာရင်
ခြေထောက်နဲ့ စုံကန်
ငါ အမှန်ပြော
ဘုရားကောသိတယ်
စိတ်ကြိုက်သာပြော
ခင်ဗျားဖောတာ အကုန်သိတယ်
ပောာင်လွန်းလျှင် လူမလေးတယ်
သေးကွက်မှာမျှော။